မဆိုင် သူတွေ ဝင် က ရအောင်
ငါတို့ဇာတ်လမ်းက ကုလားကားမှ
မဟုတ်တာပဲ။
ကယ်တင်သူကို ရှာရ အောင် လည်း
ငါတို့က သိုင်းဇာတ်ကား ရိုက်နေတာမဟုတ်။
သင် ခန်းစာပေးရ အောင်
ဆိုပြန်တော့လည်း
တို့နှစ်ယောက် ဇာတ်လမ်းက
မြန်မာကားတွေလို လူကြမ်းလိုနေတာမဟုတ်။
သေချာတာက
တို့ဇာတ်လမ်းမှာ တို့နှစ်ယောက်က မင်းသားမင်းသမီးဆိုတာပါပဲ။
ဒီတော့
တို့ဇာတ်လမ်းက
တို့အတွက်ပဲ ဖြစ်သင့်တာပါ။
ကြားလူအတွက် ကြားနေရာက
တို့နှစ်ယောက်မှာ မရှိသင့် ဘူးလေ
No comments:
Post a Comment