ကျော်ကျော်ဦး ကော့ခပို (ဓမ္မစကားနေ့တိုင်းကြားက . စိတ်ထားဖွေးလက်သိဥဏ်ထက်၏)

Sunday, December 15, 2019

•••ဒေါ်အောင်ဆန်းစုကြည်    မွေးဖွားရာ ဇာတိ 
ကြက်ဖမွေးဇောင်းရွာ•••

အမေစု ကို ချစ်ကြ အားကိုးကြ  ပေမယ့်
အမေစု မွေးဖွားရာ ဇာတိကို သတိ ပြု မိတဲ့သူ နည်းလွန်း ပါတယ်။ 
ကျွန်တော်လည်း မသိပါဘူး ။

လပြည့်ဝန်း မဂ္ဂဇင်း  မှာ စာရေးဆရာ ယောနကဘိုးထောင် ရေးတဲ့
ဒေါ်အောင်ဆန်းစုကြည် တို့ ရွာကလေး  ဆောင်းပါးကို ဖတ်မိ မှ 
ဒီအကြောင်းတွေ ကိုသိရတာပါ။အဲ့ဒီဆောင်းပါး ကိုပဲ အဓိက မှီးပါတယ်။

ကျွန်တော် တို့ ရဲ့  ခေါင်းဆောင်ကြီး ကမ်ဘာက လေးစားရတဲ့ 
ပုဂ္ဂိုလ်ရဲ့   မွေးဖွားရာ နေရာ ကို ကျွန်တော် တို့ တွေ သိသင့်တယ် ထင်လို့
ရေးသားဖော်ပြ ပေးတာပါ။

ကြက်ဖမွေးဇောင်း ရွာဟာ ဖျာပုံ မြို့ နယ် မှာ ရှိပါတယ်။
ဖျာပုံမြို့  အနောက်တောင် အရပ်မှာ ရှိပါတယ်။

အကျဉ်းကတော့

တော်လှန်ရေး အတွက် စီစဉ် နေတဲ့အခါမှာ
ဒေါ်ခင်ကြည်ဟာ သား ၂ ဦး ရှိပြီးဒေါ်အောင်ဆန်းစုကြည် ကို
ကိုယ်ဝန်လွယ်ထား တဲ့အချိန်ပါ။
ဒေါ်ခင်ကြည်တို့  မိသားစု နေထိုင်ရေး ကိစ္စကို ဗိုလ်လက်ျာ ကို
တာဝန်ပေးလိုက်ပါတယ်။ဖက်ဆစ်တွေ ရန်မှ ခေတ္တ ရှောင်တဲ့ သဘောပါ။
အစီအစဉ်  တွေကို ဗိုလ်ချုပ် နဲ့ ဒေါ်ခင်ကြည်တောင် မသိရပါဘူး တဲ့။
အဲ့ဒါ နဲ့ ကြက်ဖမွေးဇောင်း ရွာကို ရှောင်တိမ်း နေထိုင်ရင်း
ဒေါ်အောင်ဆန်းစုကြည် ကို မွေးဖွားခဲ့ပါတယ်။

ကြက်ဖမွေးဇောင်းရောက်တော့ ဘုန်းကြီးကျောင်း အနီးက
အိမ်ကလေးမှာ ဒေါ်ခင်ကြည်တို့ ကို နေရာချပေးပါတယ်။
ဒေါ်အောင်ဆန်းကြည်ကို  ၁၉၄၅ ဇွန်လ ၁၉ ရက်နေ့ မှာ
ကြက်ဖမွေးဇောင်း ရွာကလေးမှာ မွေးဖွား ခဲ့ပါတယ်။

မွေးဖွားစဉ်မှာ   မြစိမ်းရောင် မင်းသမီး ပေါ်မယ်လို့ 
အတိတ်တဘောင် ထွက်ခဲ့ပါတယ်။
သိုက်စာ စကားလည်း ဖျာပုံနယ် တစ်ရိုးမှာ ဟိုးလေး
တကျော် ဖြစ်ခဲ့ပါတယ်။ သိုက်စာ ကို အောက်ဆုံးမှာဖော်ပြပေးပါမယ်။

မွေးဖွားချိန် ကာလ မှာ

ခရေပင် ဇောက်ထိုး ပေါက်ခဲ့ပါတယ်။ ပေါက်တဲ့ နေရာက မင်းကျောင်း မှာပါ။

မြေငလျင် လှုပ်ပါတယ်။

တော်လဲ သံ မြည်ပါတယ်။

ဥက္ကာပျံ  တွေ့ ရပါတယ်။

ဓားတွေ က အရောင် တလက်လက် တောက်ပတယ်လို့
ရှေး လူကြီး တွေ ပြောပြ ပါတယ်။ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ပေါ်ပေါက်တဲ့
အတိတ် နိမိတ်တွေ ပါ။

ကြက်ဖမွေးဇောင်း ရွာ
-------------------------------
မွန် နာမည်  ကျိုက်ပါးမွဲဇော့  မှ ကြက်ဖမွေးဇောင်း လို့ ပြောင်းလဲ လာတယ် လို့
သိရှိရပါတယ်။

ကျိုက်    ဘုရား
ပါး          ၂
မွဲ            ၁
ဇော့        ဇရပ် (စောင်းတန်း)

ဘုရား ၂ဆူ ဇရပ်(စောင်းတန်း) ၁ခုရှိတဲ့ ရွာ လို့  အဓိပ္ပါယ်ရပါတယ်။

ရှေးဟောင်းရွာပါ။ တပင်ရွှေထီး နဲ့ သူ့ ရှင်တကာ ရွတ်ပိ တို့ 
စစ်ဖြစ်တဲ့ကာလ မှာ  သူ့ ရှင်တကာ ရွတ်ပိ ရဲ့
မိဖုရားကြီး တလပရောသမီ နဲ့ မှူးကြီးမတ်ရာ  ဆွေမျိုးများ
စစ်ဘေးလွတ်ရာ ခိုလှုံရင်း ရိက္ခာ စပါး စိုက်ပျိုး ရာ ဒေသ ဖြစ်ခဲ့ပါတယ်။

ရွာသက်တမ်း နှစ်ပေါင်း ၄၄၀ ကျော်လာခဲ့ပါပြီ။

ကျွန်တော် တို့  ခေါင်းဆောင် ကြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့  မွေးရပ်
ဒေသ လေးကို အများသိအောင်   တင်ပြပေးလိုက်ပါတယ်။
တခါ တခေါက်လည်း သွားရောက်လေ့လာသင့်ပါတယ်။

—--------------------------

ဒေါ်အောင်ဆန်းစုကြည်မွေးဖွားချိန်မှာ
ဟိုးလေးတကျော်ဖြစ်ခဲ့သော(သိုက်စာ)တဘောင်....

သာသနာတစ်ဝက် ခရီးမှာဖြင့်  ....
ကနက်ထီးတွေနဲ့ ပျက်စီးဖို့ အရေးကြုံ ...
ရွှေပေးမယ်  မယ်မယုံ  ငွေပေးမယ်  မယ်မယုံ
နယ်အကုန် ပျက်မည့်အရေး 
ပြန်စလို့ တွေး

တံတားတွေ အလျင်ဆောက်လို့
ဘုရားတွေ ရွှေရင်မောက်ရင်ဖြင့်
ပြည်တော်ပြန်   မယ်ထွေး
နန်းတင်မှအေး

တပင်တိုင်  ခဝါချပြီမို့
နာကြတဲ့ အသီးတွေ  တွန့် ခေါက်လို့ ကြွေ
အသီးတွေ ရာသီပြောင်း
သာသနာမောင်း  ရှေ့ ကဆော်  ဒေါင်းတွေကအော်
ဒေါင်းအော်ရင် သူလာလိမ့်လေး
ခြငေ်သ့မင်း တန်ခိုးကြွယ်  တိုး၍ပျက်ဦးမယ်
ဂူအောင်းတဲ့ ခင်ကြီးပျော် တို့ ရယ်
သမီးတော် ကို လွှတ်လိုက်ကြဦး
ဇာမဏီ သူတွန်လျှင်  ဇမ္ဗူတစ်ခွင်
လင်းလို့  မဆုံး ။       

(ပြန်လည်မျှဝေခြင်းပါ)
မူရင်းပိုင်ရှင်အား ခွက်ဒစ်ပေးပါသည်။
credit: Minoo Than