ဒဿန စကားများ
ကျွန်တော် ဖတ်ဖူးသမျှ ဒဿန စကားများကို စုစည်း ဖော်ပြပေးလိုက်ပါတယ် ။ ရေးထား သူတွေကိုတော့ များ နေလို့ 
မဖော်ပြဖြစ်တာကို ခွင့်လွှတ်နားလည်ပေးပါလို့  တောင်းပန်ချင်ပါတယ် ။
သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
ညချစ်သူ
တစ်ပါးသူဟာ ဘယ်လောက်ပဲ ဆိုးနေပါစေ၊ ကိုယ့် ကိုယ် နာကျင်အောင် လုပ် ခဲ့ပါစေ  သူ့ကို ခွင့်လွတ်တတ် ရမယ်။
လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။


ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအား
ငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။


ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။


စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။

စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။

ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။



ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။

ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။


သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။

သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာ မဟုတ်ဘူး။


ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ?

ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ ထည့်ရမှာလဲ?


ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ ကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။

အတိတ်က ကြုံတွေ့ နေရသော မအောင်မြင်မှုများ၊ ၀မ်းနည်းဖြင်းများ၊ မှားယွင်းမှုများကိုထပ်တလဲလဲ တွေးနေမည့်
အစားထိုအရာများကို သင်ခန်းစာယူပြီး လိုလားတောင့် တမှုများပြည့်ဝအောင်သာ ကြိုးစားပါ။


မိမိစွမ်းဆောင်နိုင်သောစွမ်းအားကို  ကိုယ်ကျိုးအတွက်ချည်းလည်း မသုံးသင့်ပေ။ထို့ ထက်....မကောင်းသောကိစ္စများ
တွင် ပို၍ မသုံးသင့် ပေ။


ဆိုးကျိုးကောင်းကျိုးများသည် မလိုချင်လည်း ရလာနိုင်သော်လည်း လိုချင်သော်လည်း ရလာမည်မဟုတ်ပေ။သင့်အနေ
နှင့် ကတော့ မည်သည့် ရလဒ်ကိုပဲဖြစ်စေ အကောင်းဆုံးရင်ဆိုင်နိုင်သော စိတ်ဓာတ်ကိုသာ မွေးမြူထားသင့်ပေဧ။် ။။


အပျက် သဘောဆောင်သည့် အတွေးသည် ဆိုးကျိုးကိုသာ ပေးသည်။ ထိုအတွေးကို ကောင်းသည်ဟု ထင်လျှင်တော့  အဆိုးဝါးဆုံး ဖြစ်ပေတော့ သည်။

အထက်ကို တက်တော့ မည်ဆိုလျင် လမ်းတိုသည် ရှည်သည် ကြမ်းသည်  ချောသည်  ရွေးချယ်နေမည့်အစား နှင့်သင့်
လျော်သော အမြန်ဆုံး အပေါ်ရောက်နိုင်သည့် လမ်းကိုသာရွေးချယ်ပါ။


ချစ်ခြင်းမေတ္တာသည် စိတ်ဓာတ်မခိုင်မာနှင့်  တန်ဖိုးမသိသူတို့ ထံသို့  လာလေ့မရှိပေ။ထိုသူများ ရသောမေတ္တာမှာလည်း
အစစ်အမှန် မဟုတ်ဘဲ အတုသာ ဖြစ်ပေလိမ့်မည်။


အခြားသူများအား ပြစ်တင်ဝေဖန်တော့ မည်ဆိုလျှင် ဦးစွာ မှန်တစ်ချပ်ရှေ့ ရပ်ပြီးထိုစကားလုံးများကို အရင်ရွတ်ဆိုကြည့် 
သင့်ပါသည်။
အခွင့်အရေး ဟူသည် လူတိုင်းဆီသို့  တစ်ကြိမ် မဟုတ် တစိကြိမ် ရောက်လာလေ့ရှိပါသည်။ထိုအခွင့်အရေးကို အသုံးချ
တတ်ခြင်းနှင့်ဥပေက္ခာပြုနေခြင်းကြောင့်သာ ရရှိသောရလဒ်ခြင်းမတူညီကြခြင်းဖြစ်ပါသည်။

ရွှေအစရှိသော ရတနာတို့ သည် တန်ဖိုးသတ်မှတ်ချက်များ အသီးသီးရှိကြသည်။ကိုယ်ပိုင်တွေးတောကြံဆမှုမှ ရရှိသော

စိတ်ကူးသည် တန်ဖိုးမဖြတ်နိုင်သည့်ရတနာပင် ဖြစ်ပေသည်။

သင်ဒုက္ခဆင်းရဲနှင့်  ကြုံတွေ့ နေစဉ်က ဥပေက္ခာပြုထားခဲ့သူသည် သင် ကြီးပွား ချမ်းသာ လာသောအခါ သူကရှေ့ဆုံးမှ

ရောက်လာလေ့ရှသည်။

ပျော်ရွှင်မှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေဘ၀တက်လမ်းအတွက် မှန်ကန်သော

ရွေးချယ်မှုဆိုပါက သင့် အနေနှင့် ကြိုးစားသင့်ပေသည်။
အပြုသဘောဆောင်သည့် စိတ်ကနည်းလမ်းကောင်းများကို ရှာဖွေနေချိန်မှာ အဖျတ်သဘေဆောင်သည့်စိတ်က ပျက်စီး
စေနိုင်သော နည်းလမ်းများကိုသာ တွေးတောကြံဆနေလေသည်။

မည်သည့်အရာကိုမဆို စိတ်အားထက်သန်မှုနှင့် ဆောင်ရွတ်ပါက ကြောက်စိတ်နှင့် စိုးရိမ်စိတ်တို့ မှာအဝေးသို့  ဖယ်ခွာ

သွားလေ့ရှိသည်။

စာဖတ်ခြင်းသည် အသိပညာ အတွက်ဖြစ်ပြီး လက်တွေ့ လုပ်ခြင်းက အတတ်ပညာ အတွက်ဖြစ်သည်။ထိုနှစ်ခုကို ညီမျှ

အောင်လုပ်မှ ဘ၀ဟန်ချက်ညီပေမည်။
သင်အသက်ရှင်နေသမျှ ကာလပတ်လုံး မည်သို့ အသက်ရှင် နေထိုင်ရမည်ကို သင်ယူနေပါ။

သင့်ကိုသင် ထင်မြင်ထားသလို သင်ဖြစ်လာလိမ့်မည်။

“ အမှန်တရား ” ဟုထင်သော အလုပ်တစ်ခုခုကို လုပ်တော့မည်ဆိုလျှင်ထိုအလုပ်သည်ရောမှန်ရဲ့လားဟု ပြန်လည်ဆန်း

စစ် သင့်ပါတယ်။

လောကကြီး၏ သာယာမှုများမှာ စွမ်းအားကောင်းလှကြောင်း သံသယဖြစ်ဖွယ်မရှိပါချေ။ယင်းသာယာမှုများ၏ ဆွဲဆောင်

တုပ်နှောင်မှုမှာ မသိမှု (Ignorance)“ အသိညဏ် နည်းပါးခြင်း ”ဟူသော မောဟမိခင် ဖြစ်ပါသည်။

ဘ၀မှာ အခက်အခဲ တစ်ခုတွေ့တိုင်း မိမိအတွက်ရင့်ကျက်မှု တစ်ခုရစမြဲဖြစ်ရာအခက်အခဲတစ်ခုတွေ့တိုင်း စိတ်မပျက်ပါ

နှင့်အတွေ့အကြုံသစ် ဒါမှမဟုတ် မိမိအတွက် ဘ၀သင်ခန်းစာ တစ်ခုလိုသဘောထားနိုင်ရင်ဘ၀မှာနေပျော်ပါတယ်။

ဝါသနာကို ပြုစုပျိုးထောင်ရသည်မှာ သစ်ပင်တစ်ပင် စိုက်သကဲ့သို့……ဇွဲရှိရတယ်…….။စိတ်ရှည်ရတယ်………..။

ပြုစုပျိုးထောင်မှု ကောင်းရတယ်……….။သို့မှသာ…..။သစ်ပင်မှ အသီးအပွင့်ကို စားရသကဲ့သို့ ၀ါသနာဖြင့် ဆောင်
ရွက်ရသောအသက်မွေးဝမ်းကျောင်းမှရသော “ အကျိုးအမြတ် ” ကိုလည်း မလွဲမသွေ ခံစားရနိုင်ပါသည်။

နွေရာသီကို နှစ်သက်သော သင့်အတွက်မိုးရာသီနှင့်ဆောင်းရာသီကတော့ မလွဲမသွေကျော်ဖြတ်ရပါမည်။

ထို့အတူပါပဲ… အချစ်ကိုလိုချင်သူများ အတွက်လည်း.“ သောကနှင့်ဒုက္ခ ” ကိုတော့ မလွဲမသွေ လက်ခံရတတ်ပါသည်။

ချစ်သူဘ၀မှာ အလှကိုကြည့်တာထက် ဘ၀ကိုကြည့်ပါ။အိမ်ထောင်သည်ဘ၀ရောက်ကြတဲ့အခါဘ၀ကိုကြည့်တာထက်

“ စိတ်အလှ ” ကိုမြင်အောင်ကြည့်ပေးပါ။

ပျားရည်လို ချိုမြိန်သောအချစ်….ပန်းတစ်ပွင့်လိုလှပသောဘ၀ထိုနှစ်ခုကို ဆုံဆည်းဖို့  နှလုံးသားကို လမ်းခင်းပေးပါ။

လမ်းမသိတဲ့လူဟာ လမ်းမှာ တွေ့သမျှလူကို မေးသွားတာ နောက်ဆုံး သူသွားချင်တဲ့ ခရီးကို ရောက်နိုင်တယ်။ သိချင်

ယောင်ဆောင်တဲ့ လူကတော့ ဘယ်သူ့ကိုမှ မမေးဘဲသွားလို့သူလိုချင်တဲ့ခရီးကို မရောက်နိုင်တော့ဘူး အန္တာရယ်တွေ
ထဲမှာ မိမိကိုယ်ကို လိမ်ခြင်းမှာအန္တာရယ် အကြီးဆုံးပါပဲ…….။

ဘ၀တစ်ခုကို စတင်တည်ထောင်ရာတွင် သင်နှစ်သက်သော အလုပ်ကို ရသည်ထက် ရလာသော အလုပ်ကို လုပ်၍

စတင်ရပါမည်။အသင့်အတင့်ရပ်တည်နိုင်မှသင်နှစ်သက်သောအလုပ်ကို ပြောင်းလဲလုပ်ကိုင်နိုင်ပါသည်။ စကာစ၌ပင်
အလုပ်ရွေးနေလျှင်….သင့်အတွက်ဘာတစ်ခုမှ အောင်မြင်မည် မဟုတ်ပေ…….။

လောကသဘာဝက ခန္ဒာကိုယ်ကိုပဲ ဖန်ဆင်းပေးလိုက်တာပါ။အဲဒီခန္ဒာကိုယ်ကို လှုပ်ရှားပေးနိုင်မယ့် “ စိတ် ”ကိုတော့

မိမိဘာသာ မွေးမြူပျိုးထောင်ရတာပါ။

ဘ၀ရဲ့ဒဏ်ကို ကြမ်းကြမ်းတမ်းတမ်းခံခဲ့ရသူတွေမှာ ဆူးတစ်ချောင်း ရှိပါတယ်။အဲဒီဆူးဟာအရာရာကိုထိုးဖောက်ပစ်နိုင်

တယ်။

ကြီးပွားချမ်းသာတဲ့ လူတစ်ယောက်ဖြစ်ဖို့ ပထမဆုံးလိုအပ်ချက်က ကြီးပွားချင်စိတ်ဆန္ဒအား ပြင်းပြဖို့နဲ့ အမှန်တကယ်

ကြီးပွားအောင် လုပ်ကိုလုပ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက် ခိုင်မာစွဲမြဲဖို့ပါပဲ………….။

လူတိုင်းမှာအလှတရားကိုယ်စီရှိကြသော်လည်းအချစ်စစ်နဲ့ထိုက်တန်သော အလှတရားကတောာ့ လူတိုင်းမှာမရှိနိုင်ပေ။

သင်လိုချင်သော်လည်း အလွယ်တကူ မရရှိနိုင်သည်မှည “ပျော်ရွင်ခြင်း ” ဖြစ်၏။

သင်မလိုချင်သော်လည်း အလွယ်တကူ ရနိုင်သောအရာမှာ “ ၀မ်းနည်းခြင်း ” ပင်ဖြစ်၏။

စိတ်ထားခိုင်မာသူ တစ်ယောက်အဖို့ ဒုက္ခဆင်းရဲဟူသည် …“ ရုပ်အသွင်ဖျက်လာသော အောင်မြင်ခြင်း တမန်တော် ”

ဖြစ်ကြောင်းအလွယ်တကူသိနိုင်ကြပါသည်။

လူပျော့လူညံ့တို့၏ အလုပ်က ဘယ်အချိန်မှရမည် မသိသေးသည့် အခွင့်အလမ်းတို့ကိုအချိန်ကုန်ခံ၍ စောင့်မျှော်လေ့ရှိ

သည်။ စိတ်ဓါတ်စွမ်းအား ထက်သန်သူတို့ ကတော့ သူတို့လိုချင်သည့် အခွင့်အလမ်း ကို မရမချင်း လိုက်ရှာ လေ့ရှိကြ
သည်။

“လိမ့်နေသောကျောက်တုံးသည် ရေညှိမတင်” ဟူသောစကားအတိုင်း အမြဲလှုပ်ရှားကြိုးစားနေသူကို“ ပျင်းရိခြင်း”သည်

လာရောက်တွယ်ကပ်နိုင်မည် မဟုတ်ချေ။

လူ့စိတ်သည် သင်ယူခြင်းမရှိဘဲ မတိုးတတ်နိုင်။

လက်မထပ်ခင်က ယောက်ျားလေးများ၏ အချစ်သည် မိန်းကလေများထက် များစွာပိုပြီး လက်ထပ်ပြီးနောက်တွင် မိန်းက

လေးများအချစ်က တဖြည်းဖြည်း ပိုလာလေ့ရှိပါတယ်။

လူတွေဟာ ကြောင်းကျိုးဆင်ခြေဥာဏ် မရှိကြတဲ့အပြင်“အတ္တမာနစိတ်” ကြီးမားလွန်းကြပါတယ်။

ဒါပေမယ့် “ မေတ္တာထားလိုက်ပါ ”။

သူတစ်ပါးကကိုယ့်ကို စော်ကားမှာမကြောက်ပါနဲ့။ကိုယ်ကသူတစ်ပါကို စော်ကားမိမှာကိုပဲ ကြောက်ပါ။

ကြီးပွားလိုသောစိတ်နှင့် ကြီးပွားမည်ဟူ၍ ယုံကြည်လျက် ကြီးပွားသော အခြေအနေကိုသာထင်မြင်ပါကထိုအထင်အမြင်

အတိုင်း ဖြစ်မြောက်စေရအောင်အတွင်းစိတ်က ဖန်တီး၍ပေး၏။

လေးနက်ခိုင်မြဲသော အချစ်ဆိုတာ တဖြည်းဖြည်းချင်း ရှင်သန်လာတတ်ပါတယ်။

အချစ်စစ် အချစ်မှန်ဆိုတာကလည်း အချိန်ကာလနဲ့လေးနက်မှုရှိမှ ပေါက်ဖွားလာတတ်ပါတယ်။

ပျော်ရွှင်မှုသည် ကျွန်ုပ်တို့အပေါ်တွင် မူတည်သည်။ ကျွနိုပ်တို့ ရှာဖွေရရှိသော ငွေကြေး (သို့) ဘ၀တွင် ကျွန်ုပ်တို့၏

ရပ်တည်ချက်ဟူသည် အပေါ်မတည်မှီပါ။

ငယ်စဉ်ကာလ လမ်းလျှောက်တတ်စမှာဘေးနားမှာ အဖေါ်တစ်ယောက်လိုတယ်။

ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်တော့ မလိုတော့ဘူး….ဒါပေမယ့်……….အသက်အရွယ်အိုမင်းမစွမ်းဖြစ်လာပြန်တော့
လက်တွဲဖေါ်လိုလာပြန်ရော……….။

ဘ၀အတွေ့အကြုံ နုနယ်သေးတဲ့လူတွေဟာ အချစ်နဲ့ထိတွေ့လိုက်တာနဲ့ အရူးအမူးဖြစ်ပြီး“အချစ်ထက် ပိုပြီးအရေးကြီး

တာမရှိတော့ဘူး”လို့ ထင်တတ်ကြပါတယ်။ရင့်ကျက်လာတဲ့ အခါရောက်တော့မှ အချစ်ထက်ပိုပြီးအရေးကြီးတဲ့အရာတွေ
အများကြီးရှိမှန်းသိကြတယ်။

အနာဂတ်ကာလ၏ လျောက်လှမ်းရမည့်လမ်းကို အကောင်းဆုံးထုဆစ်ပေးနိုင်သူမှာ“အတိတ်ဘ၀၌ ကျန်ခဲ့သော မှားယွင်း

မှုများ”ပင်ဖြစ်ပါသည်……….။

ထမင်းငတ်လို့သေတဲ့ “မသာ” တော့မရှိပါဘူး။ဒါပေမယ့်…….ဆင်းရဲရင်တော့ သေတတ်ပါတယ်………..။


                                  ဗေဒင်မှန်လိုက်ပုံများ (ဟာသ)
 
သြော်..ကိုဘမောင်..ကိုဘမောင်..
ရိုးရိုးအေးအေး စာရေးကြီး ကိုဘမောင်သည် လုပ်ငန်းကိုင်ငန်းများ အဆင်မပြေသဖြင့် သူတို့လမ်းထိပ်တွင် ဟောခန်းဖွင့်စားနေသော ဗေဒင်ဆရာထံ သွားလေသည်။ ဗေဒင်ဆရာက ယခုကဲ့သို့ အညံ့များကြုံနေရခြင်းမှာ ကိုဘမောင်အိမ်တွင် မလျော်ကန်၊ မသင့်မြတ် သည်များ ရှိသောကြောင့်ဆိုပြီး အိမ်အထိ လိုက်ကြည့်လေတော့သည်။
အိမ်သို့ ရောက်ရောက်ခြင်းပင်...
ဗေဒင်ဆရာ။ ။ “သိပ်ဟုတ်တာပေါ့ ကိုဘမောင်၊ ခင်ဗျား ဘုရားစင်မှာထိုးထားတဲ့ ခတ္တာပန်းတွေကို စွန့်ပစ်လိုက်တော့... ဖြစ်နိုင်ရင် နောက်လည်း မထိုးနဲ့ဗျာ... နောက် ဒီအောက်မှာ ချိတ်ထားတဲ့ စံပယ်ပန်းတွေ...”
ကိုဘမောင်။ ။ “ဘာလို့လဲ ဆရာ၊ ဘုရားကို ပန်းလှူတာ မကောင်းဘူးလား...”
ဗေဒင်ဆရာ။ ။ “ခင်ဗျားတို့ အဲဒါတွေကြောင့် အခက်အခဲတွေ ရှိနေတာပေါ့... ဒီမှာခတ္တာဆိုတာ “ခက်တာ” နဲ့ အသံဆင်တယ်ဗျ...။ ခက်တာတွေ ဖြစ်တတ်တယ်။ စပါယ် ဆိုတာကလည်း“စကတည်းက ပယ်ခံရတယ်” ဆိုတဲ့ အဓိပ္ပာယ်ကို ဖြစ်စေတယ်...”
ကိုဘမောင်။ ။ “ဟုတ်လား ဆရာ၊ ဒါဆို ဘာကို ဘုရားကပ်ရမလဲ...”
ဗေဒင်ဆရာ။ ။ “ဒီမှာ အလွယ်လေးလေ... ကောက်ညှင်းပေါင်းလှူ...”
ကိုဘမောင်။ ။ “ဟုတ်လား... ကောက်ညှင်းပေါင်းလှူရင် ကောင်းတယ်လား...”
ဗေဒင်ဆရာ။ ။ “မသိရင်မှတ်၊ ကောင်းညှင်းပေါင်းဟုတ်ဘူး၊ ကောင်းခြင်းပေါင်း၊ ကောင်းခြင်းတွေ ပေါင်းလာအောင်... ပြီးတော့ သြဇာရှိအောင် သြဇာသီးကို လှူ...ဒါလေးများ ဘာခက်တာမှတ်လို့... ပညတ်သွားရာ ဓာတ်သက်ပါတယ်တဲ့ ကိုဘမောင်ရ...”
ကိုဘမောင်။ ။ “ဟုတ်ကဲ့ဆရာ၊ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ... ကျနော် အလုပ်ကလည်း ပြောင်းရွှေ့ကျဦးမယ်။ မပြောင်းချင်ဘူး ဆရာရယ်...”
ဗေဒင်ဆရာ။ ။ “မပြောင်ချင်ဘူးလား... အလွယ်လေး ကိုဘမောင်ရယ်... အိမ်ရှေ့ကခြံထဲမှာ... ပြောင်းဖူးရယ်၊ ချဉ်ပေါင်ရယ်၊ ဘူးသီးရယ် သုံးမျိုးကို စိုက်လိုက်...”
ကိုဘမောင်။ ။ “ဟုတ်၊ ဆရာ... အဲဒါဆို မပြောင်းရတော့ဘူးပေါ့...”
ဗေဒင်ဆရာ။ ။ “ဟုတ်တယ်လေ... အဲဒီသုံးမျိုးရဲ့ အစစာလုံးတွေက ပြောင်းချဉ်ဘူး မဟုတ်ဘူးလား၊ ဒီတော့ ပညတ်သွားရာ ဓာတ်သက်ပါပြီးတော့...”
ကိုဘမောင်။ ။ “ဟုတ်၊ ဟုတ်ကဲ့ ဆရာ၊ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက် အတော်လေး စဉ်းစားစရာတွေ ဖြစ်လာပါတယ်... ကျေးဇူးပါ”
ဗေဒင်ဆရာ။ ။ “ရပါတယ်ဗျ... ဓာတ်တူရင် နတ်ကူသတဲ့ဗျာ...”
ဒီလိုနဲ့ ဗေဒင်ဆရာလည်း ပြန်သွားတော့သည်။ နောက်တစ်ပတ် ကိုဘမောင်က ဆရာအိမ်လာကြည့်ပါဦး ဆရာပြောသလို ဟုတ်မဟုတ် ဆိုတာနဲ့ ဗေဒင်ဆရာလည်း တစ်ခေါက်ထပ်လိုက်သွားသည်။ ဟိုရောက်တော့ သူပြောထားတဲ့အတိုင်း သြဇာသီးတွေ၊ မင်းဂွတ်သီးတွေ ဘုရားလှူထားတာ တွေ့ရသည်။
ဗေဒင်ဆရာ။ ။ “ဒါနဲ့ ကိုဘမောင် မင်းဂွတ်သီးတွေက...”
ကိုဘမောင်။ ။ “ဆရာ့ နည်းစနစ်အတိုင်းလေ... မင်း Good သွားအောင်...မင်းဂွတ်သီးကို လှူထားတာ”
ဗေဒင်ဆရာ။ ။ “ဟုတ်လားဗျ”
ကိုဘမောင်။ ။ “ဟုတ်တယ် ဆရာ၊ ပြီးတော့ ကျွန်တော် နောက်တစ်ပတ် ရွှေတောင်ဘက်ကို ခရီးထွက်မလို့...”
ဗေဒင်ဆရာ။ ။ “ရွှေတောင်... ဟုတ်လား...”
ကိုဘမောင်။ ။ “ဟုတ်တယ်ဆရာ၊ ဆရာပြောသလို ပညတ်သွားရာ ဓာတ်သက်ပါအောင်လေ... ရွှေတောင်ကြီး ဆိုက်အောင်၊ ရွှေတောင်ဘက်ကို ခရီးထွက်မလို့...”
ဗေဒင်ဆရာ။ ။ “ဟား... ဟား... ဟား...”
ကိုဘမောင်။ ။ “မဟားပါနဲ့ ဆရာ၊ ဟား ဟား ဆိုတဲ့ အတိုင်း သူများတွေ ဆရာ့ကို ဟားပါလိမ့်မယ်...”
ဗေဒင်ဆရာ။ ။ “အော်... ကိုဘမောင်ရယ်”
ကိုဘမောင်။ ။ “မအော်ပါနဲ့ ဆရာ၊ ပညတ်သွားရာ ဓာတ်သက်ပါပြီး အော်နေရပါမယ်၊ ပြီးတော့ ကျွန်တာ့်ကိုလည်း “ကိုဘမောင်ရယ်” ဆိုပြီး အတင်းမရယ်ခိုင်းပါနဲ့...”
ဗေဒင်ဆရာ။ ။ “ဟိုက်၊ ခက်တော့တာပဲ...”
ကိုဘမောင်။ ။ “ခက်တော့တာပဲလို့ချည်း မညည်းပါနဲ့ဆရာ၊ ဆရာ့နောက်ကို ခက်တာတွေ လိုက်လာပါလိမ့်မယ်... ရော့ သောက် ဆရာ...”
ကိုဘမောင်က ရေနွေးတစ်ခွက်ငှဲ့ပေးတော့ ဗေဒင်ဆရာလည်း ယူသောက်လိုက်သည်။ ပြီးတော့မှ... ချိုချို ခါးခါး ဘယ်လို အရသာကြီးမှန်းမသိသဖြင့်...
ဗေဒင်ဆရာ။ ။ “အာ... ဒါ... ဒါ... ဘာကြီးလဲ၊ ကိုဘမောင်...”
ကိုဘမောင်။ ။ “ဘာကြီးလဲ လို့ မအော်ပါနဲ့ ဆရာ... ပညတ်သွားရာ ဓာတ်သက်ပါပြီး ဆရာ့ ဘကြီးတစ်ယောက်ယောက် ချော်လဲနေပါ့မယ်... ”
ဗေဒင်ဆရာ။ ။ “အာ... ခင်ဗျားဗျာ...”
ကိုဘမောင်။ ။ “ခုနက အရည်ကလေ... ကြံရည်ဖန်ရည် တိုးအောင်ဆိုပြီး ကြံရည်ရယ် အဖန်ရည်ရယ် ရောသောက်တာလေ...”
ဗေဒင်ဆရာ။ ။ “ဟာ... ခင်ဗျားဗျာ... ဒီမယ်၊ ကိုဘမောင် ဗေဒင်ပညာကို အလွယ်လေး မှတ်နေလား...”
ကိုဘမောင်။ ။ “ပညာလို့ မပြောပါနဲ့ ဆရာ... ပြင်ညာ ဆိုရင် ပြင်ပြီး ညာနေရပါမယ်။ ဗေဒင်နည်းစနစ်လို့ ပြောပါ ဆရာ...”
ဗေဒင်ဆရာ။ ။ “အာ... ဒါနဲ့ ထိုင်ခုံတွေလည်း မတွေ့ပါလား...”
ကိုဘမောင်။ ။ “ဟုတ်တယ်ဆရာ၊ ကျွန်တော် ရောင်းပစ်လိုက်တာ။ အရင်တစ်ပတ် ဆရာပြန်သွားကတည်းက ကျွန်တော် တွေးမိတာလေ... ထိုင်လည်း ထိုင်၊ ခုန်လည်း ခုန်ဆိုတာ သိပ်မဟုတ်ဘူးလိုပဲ၊ ဓာတ်ပျက်နေသလားလို့ပါ...”
ဗေဒင်ဆရာ။ ။ “ဟိုက်...”
ကိုဘမောင်။ ။ “မဟိုက်ပါနဲ့ ဆရာ... အလကားနေရင်း မောဟိုက်နေပါ့မယ်...”
ဗေဒင်ဆရာ။ ။ “အာ... ကိုဘမောင်...”
ကိုဘမောင်။ ။ “ပြီးတော့ ခုနက ဆရာ့ဆိုင်ရဲ့ ဆိုင်းဘုတ်ကို တွေ့တယ်...ပြင်ပါဆရာ...”
ဗေဒင်ဆရာ။ ။ “ဗျာ... ကျွန်တော့်ဆိုင်းဘုတ်က ဘာဖြစ်လဲ...”
ကိုဘမောင်။ ။ “ဟောခန်းဆိုတာလေ ဆရာ...”
ဗေဒင်ဆရာ။ ။ “ဟုတ်ကဲ့...”
ကိုဘမောင်။ ။ “ဟောပြီးရင် ခန်းခန်းသွားတယ်လို့ အဓိပ္ပာယ် မရဘူးလား ဆရာ... ရသမျှ ငွေတွေ ခန်းကုန်မှာပေါ့ ဆရာ...”
ဗေဒင်ဆရာ။ ။ “အာ...”
ကိုဘမောင်။ ။ “ပြီးတော့... မနောမယ ဆိုတာလေ... မယ ဆိုတာ “မရ” မပိုင်ဆိုင်တာနဲ့ အသံတူတယ်လေ... ပညတ်သွားသလို...”
ဗေဒင်ဆရာ။ ။ “တော်၊ တော်... ကိုဘမောင်...”
ကိုဘမောင်။ ။ “ဟုတ်ကဲ့၊ ကျွန်တော် တော်လာပြီးလား ဆရာ၊ ကျေးဇူးတင်ပါတယ်...”
ဗေဒင်ဆရာ။ ။ “အာ... ဒါနဲ့ ဘယ်အချိန်ရှိပြီလဲ... ပြန်မလို့...”
ကိုဘမောင်။ ။ “သိဘူးဆရာ၊ နာရီဆိုတာ နာလည်းနာတယ်၊ ရီလည်းရီတယ်ဆိုတော့ မချိပြုံးသလို အဓိပ္ပာယ်ထွက်တယ်လို့ ကျွန်တော် ခံစားရတာနဲ့ အိမ်မှာ ဘာနာရီမှ မထားတော့တာ...“
ဗေဒင်ဆရာ။ ။ “အာ... ဟာဗျာ...”
ဤသို့ဖြင့် ဗေဒင်ဆရာသည် ကိုဘမောင်အိမ်မှ တချိုးတည်း ဆင်းပြေးလေတော့သည်။
သတင်းကွန်ယက်မှ တစ်ဆင့်ကူးယူဖော်ပြပါသည်။